တော​လည် 19:13-19 BCL

13 လူ​သေ​ကောင်​ကို​ကိုင်​တွယ်​မိ​သော​သူ​သည် သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ကို​ကိုယ်​ပေါ်​သို့ ပက်​၍ သန့်​စင်​မှု​မ​ပြု​လျှင်​မ​သန့်​စင်​ဘဲ​ရှိ နေ​လိမ့်​မည်။ ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ တဲ​တော်​ကို​ညစ်​ညမ်း​စေ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း​ခံ​ရ​မည်။

14 တဲ​ထဲ​တွင်​လူ​တစ်​ယောက်​ယောက်​သေ​ဆုံး​ခဲ့ လျှင် ထို​အ​ချိန်​တွင်​တဲ​တွင်း​၌​ရှိ​သော​သူ နှင့်​တဲ​ထဲ​သို့​ဝင်​လာ​သော​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

15 တဲ​တွင်း​၌​အ​ဖုံး​မ​ရှိ​သော​အိုး​ခွက်​ရှိ​သ​မျှ တို့​သည်​လည်း​ညစ်​ညမ်း​လိမ့်​မည်။-

16 မြို့​ပြင်​တွင်​အ​သတ်​ခံ​ရ​သူ​သို့​မ​ဟုတ် သ​ဘာ​ဝ​အ​လျောက်​သေ​ဆုံး​သူ​၏​အ​လောင်း၊ အ​ရိုး၊ သင်္ချိုင်း​ကို​ကိုင်​တွယ်​မိ​သော​သူ​သည် ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။

17 ထို​ကဲ့​သို့​မ​သန့်​စင်​သူ​များ​ကို​သန့်​စင်​လာ စေ​ရန် အ​ပြစ်​ဖြေ​ရာ​နွား​နီ​မ​၏​ပြာ​အိုး တစ်​လုံး​တွင်​စမ်း​ရေ​နှင့်​ရော​၍​ထည့်​ရ​မည်။-

18 အိမ်​၌​လူ​သေ​သ​ဖြင့်​မ​သန့်​စင်​မှု​ပေါ်​ပေါက် ခဲ့​သော် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် သူ​က ဟု​ဿုပ်​ညွန့်​ကို​ရေ​ထဲ​၌​နှစ်​ပြီး​လျှင် တဲ​ကို​လည်း​ကောင်း၊ တဲ​ထဲ​၌​ရှိ​သ​မျှ​သော ပစ္စည်း​များ​နှင့်​လူ​များ​ကို​လည်း​ကောင်း​ဖျန်း ရ​မည်။ လူ​သေ​အ​ရိုး၊ လူ​သေ​ကောင်​သို့​မ​ဟုတ် သင်္ချိုင်း​ကို​ကိုင်​တွယ်​မိ​၍ မ​သန့်​စင်​သူ​ကို သန့်​စင်​သူ​က​ရေ​နှင့်​ဖျန်း​ရ​မည်။-

19 သန့်​စင်​သူ​က​မ​သန့်​စင်​သူ​ကို​တ​တိ​ယ​နေ့ နှင့် သတ္တ​မ​နေ့​များ​တွင်​ရေ​နှင့်​ဖျန်း​ရ​မည်။ မ သန့်​စင်​သူ​အား​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လုပ် ပေး​ရ​မည်။ သတ္တ​မ​နေ့​တွင်​သန့်​စင်​သူ​က​မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွတ်​လျှော်​၍ ရေ​ချိုး​ပြီး နောက်​နေ​ဝင်​ချိန်​တွင်​သန့်​စင်​လာ​လိမ့်​မည်။