တော​လည် 19:18-22 BCL

18 အိမ်​၌​လူ​သေ​သ​ဖြင့်​မ​သန့်​စင်​မှု​ပေါ်​ပေါက် ခဲ့​သော် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် သူ​က ဟု​ဿုပ်​ညွန့်​ကို​ရေ​ထဲ​၌​နှစ်​ပြီး​လျှင် တဲ​ကို​လည်း​ကောင်း၊ တဲ​ထဲ​၌​ရှိ​သ​မျှ​သော ပစ္စည်း​များ​နှင့်​လူ​များ​ကို​လည်း​ကောင်း​ဖျန်း ရ​မည်။ လူ​သေ​အ​ရိုး၊ လူ​သေ​ကောင်​သို့​မ​ဟုတ် သင်္ချိုင်း​ကို​ကိုင်​တွယ်​မိ​၍ မ​သန့်​စင်​သူ​ကို သန့်​စင်​သူ​က​ရေ​နှင့်​ဖျန်း​ရ​မည်။-

19 သန့်​စင်​သူ​က​မ​သန့်​စင်​သူ​ကို​တ​တိ​ယ​နေ့ နှင့် သတ္တ​မ​နေ့​များ​တွင်​ရေ​နှင့်​ဖျန်း​ရ​မည်။ မ သန့်​စင်​သူ​အား​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လုပ် ပေး​ရ​မည်။ သတ္တ​မ​နေ့​တွင်​သန့်​စင်​သူ​က​မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွတ်​လျှော်​၍ ရေ​ချိုး​ပြီး နောက်​နေ​ဝင်​ချိန်​တွင်​သန့်​စင်​လာ​လိမ့်​မည်။

20 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သူ သည် သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ကို​မိ​မိ ကိုယ်​ပေါ်​သို့​ပက်​၍ သန့်​စင်​မှု​မ​ပြု​လျှင် မ​သန့်​စင်​ဘဲ​ရှိ​နေ​လိမ့်​မည်။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော်​ကို​ညစ်​ညမ်း စေ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော် မှ​ထုတ်​ပယ်​ခြင်း​ခံ​ရ​မည်။-

21 သင်​တို့​သည်​ဤ​ပ​ညတ်​ကို​နောင်​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​ကြ​မည်။ သန့်​စင်​ခြင်း ဝတ်​ဆိုင်​ရာ​ရေ​ကို​ဖျန်း​ပေး​သော​သူ​သည် လည်း မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​ရေ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် ည​နေ​သို့ တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

22 မ​သန့်​စင်​သူ​ကိုင်​တွယ်​မိ​သ​မျှ​တို့​သည်​ညစ် ညမ်း​လာ​သ​ဖြင့် ထို​အ​ရာ​ဝတ္ထု​များ​ကို​ကိုင် တွယ်​မိ​သူ​သည်​ည​နေ​သို့​တိုင်​အောင်​မ​သန့် စင်​ဘဲ​ရှိ​လိမ့်​မည်။