တော​လည် 25:14-18 BCL

14 မိ​ဒျန်​အ​မျိုး​သ​မီး​နှင့်​အ​တူ​အ​သတ်​ခံ​ရ သော ဣ​သ​ရေ​လ​အ​မျိုး​သား​နာ​မည်​သည်​ကား ရှိ​မောင်​အ​နွယ်​ဝင်​မိ​သား​စု​၏​အ​ကြီး အ​ကဲ​ဖြစ်​သူ​သာ​လု​၏​သား​ဇိ​မ​ရိ​ဖြစ် သ​တည်း။-

15 အ​မျိုး​သ​မီး​၏​နာ​မည်​မှာ​ကော​ဇ​ဘိ​ဖြစ်​၏။ သူ​၏​ဖ​ခင်​ဇု​ရ​သည်​မိ​ဒျန်​သား​ချင်း​စု တစ်​စု​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သည်။

16-17 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``မိ​ဒျန် အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​သုတ်​သင်​ဖျက် ဆီး​လော့။

18 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပေ​ဂု​ရ အ​ရပ်​တွင် သင်​တို့​ကို​လှည့်​ဖြား​၍​ပြစ်​မှား​စေ သော​ကြောင့်​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​ရောဂါ ကပ်​ကျ​ရောက်​စဉ်​သေ​ဆုံး​သွား​သော​ကော​ဇ​ဘိ ကိစ္စ​ကြောင့်​လည်း​ကောင်း မိ​ဒျန်​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​သုတ်​သင်​ဖျက်​ဆီး​လော့'' ဟု​မိန့်​တော်​မူ​၏။