13 ပထမနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်သုံးကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့်လေး ကောင်တို့ကိုထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
14 မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရောသော မုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော်ရမည်။ နွားထီးတစ်ကောင်စီနှင့်အတူမုန့်ညက်ခြောက် ပေါင်ကိုလည်းကောင်း၊ သိုးထီးတစ်ကောင်စီနှင့် အတူမုန့်ညက်လေးပေါင်ကိုလည်းကောင်း၊-
15 သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်း၊ လိုအပ်သောစပျစ် ရည်သကာများကိုလည်းကောင်းပူဇော်ရမည်။-
16 ထို့ပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤပူဇော် သကာများကိုနေ့စဉ်မီးရှို့ရာသကာနှင့် တကွဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ အပြင်ပူဇော်ရမည်။
17 ဒုတိယနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်နှစ်ကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့် လေးကောင်ကိုပူဇော်ရမည်။-
18-19 ထို့အပြင်ပထမနေ့တွင်ပူဇော်ရသည့် သကာများကိုလည်းပူဇော်ရမည်။
20 တတိယနေ့တွင်အပြစ်အနာကင်းသော နွားထီးပျိုတစ်ဆယ့်တစ်ကောင်၊ သိုးထီးနှစ် ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ် ဆယ့်လေးကောင်ကိုပူဇော်ရမည်။-