တော​လည် 29:23-32 BCL

23 စ​တုတ္ထ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို ဆယ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို​ပူ​ဇော် ရ​မည်။-

24-25 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။

26 ပဉ္စ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို ကိုး​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို ပူ​ဇော်​ရ​မည်။-

27-28 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။

29 ဆ​ဋ္ဌ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ပျို​ရှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို​ပူ​ဇော် ရ​မည်။-

30-31 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။

32 သတ္တ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ပျို​ခု​နစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ် သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင် ကို​ပူ​ဇော်​ရ​မည်။-