တော​လည် 3:1-4 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​သည့်​အ​ချိန် အ​ခါ​၌ အာ​ရုန်​နှင့်​မော​ရှေ​တို့​၏​မိ​သား​စု စာ​ရင်း​မှာ​ဤ​သို့​တည်း။-

2 အာ​ရုန်​တွင်​သား​ဦး​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ ဇာ​နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက် ရှိ​၏။-

3 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဘိ​သိက် ခံ​ခဲ့​၍​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ကြ​၏။-

4 သို့​ရာ​တွင်​နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​သိ​နာ တော​ကန္တာ​ရ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော် အပ်​သော​မီး​ဖြင့်​ပူ​ဇော်​သော​ကြောင့်​သေ​ဆုံး​ခဲ့ ကြ​၏။ သူ​တို့​တွင်​သား​သ​မီး​များ​မ​ကျန်​ရစ် ခဲ့​ချေ။ ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​သည်​အာ​ရုန် ၏​လက်​အောက်​တွင်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ကြ​ရ​သည်။