တော​လည် 3:16-25 BCL

16 မော​ရှေ​လိုက်​နာ​ဆောင်​ရွက်​လေ​၏။-

17-20 လေ​ဝိ​တွင်​ဂေ​ရ​ရှုန်၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ ၍​သား​သုံး​ယောက်​ရှိ​၏။ သူ​တို့​သည်​မိ​မိ​တို့ နာ​မည်​ခံ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​များ ဖြစ်​ကြ​သည်။ ဂေ​ရ​ရှုန်​တွင်​လိ​ဗ​နိ​နှင့်​ရှိ​မိ ဟူ​၍​သား​နှစ်​ယောက်၊ ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​ဟူ​၍​သား လေး​ယောက်၊ မေ​ရာ​ရိ​တွင်​မ​ဟာ​လိ​နှင့် မု​ရှိ ဟူ​၍​သား​နှစ်​ယောက်​အ​သီး​သီး​ရှိ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နာ​မည်​ခံ​မိ​သား​စု များ​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။

21 ဂေ​ရ​ရှုန်​၏​သား​ချင်း​စု​တွင်​လိ​ဗ​နိ​၏ မိ​သား​စု​နှင့်​ရှိ​မိ​၏​မိ​သား​စု​တို့​ပါ​ဝင်​၍၊-

22 အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ​သူ ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ​ခု​နစ်​ထောင့်​ငါး ရာ​ဖြစ်​သည်။-

23 ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​အ​နောက် ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။-

24 သူ​တို့​၏​ခေါင်း​ဆောင်​မှာ​လေ​လ​၏​သား​ဧ​လျာ သပ်​ဖြစ်​သည်။-

25 သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​တွင်း​အ​မိုး၊ အ​ပြင်​အ​မိုး၊ တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ၊-