တော​လည် 3:26-32 BCL

26 တဲ​တော်​ဝင်း​ကို​ကာ​ရံ​ထား​သော​ကန့်​လန့်​ကာ များ​နှင့်​တဲ​တော်​ဝင်း​တံ​ခါး​ရှိ​ကန့်​လန့်​ကာ ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရ​ကြ​သည်။

27 ကော​ဟတ်​၏​သား​ချင်း​စု​တွင်​အာ​မ​ရံ​မိ​သား​စု၊ ဣ​ဇ​ဟာ​မိ​သား​စု၊ ဟေ​ဗြုန်​မိ​သား​စု၊ သြ​ဇေ​လ မိ​သား​စု​တို့​ပါ​ဝင်​၍၊-

28 အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ သူ​ယောကျာ်း​ဦး​ရေ စု​စု​ပေါင်း​မှာ​ရှစ်​ထောင့် ခြောက်​ရာ​ဖြစ်​သည်။-

29 ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​တောင်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။-

30 သူ​တို့​၏​ခေါင်း​ဆောင်​မှာ​သြ​ဇေ​လ​၏​သား ဧ​လိ​ဇာ​ဖန်​ဖြစ်​သည်။-

31 သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ၊ စား​ပွဲ၊ မီး​ခုံ​တိုင်၊ ယဇ်​ပလ္လင်​များ၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ယဇ်​ပု​ရော​ဟိတ်​များ​အ​သုံး​ပြု​သော​ခွက် ယောက်​များ​နှင့်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ​စ​သည်​တို့​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ကြ​ရ​သည်။

32 လေ​ဝိ​အ​မျိုး​သား​တို့​၏​အ​ကြီး​အ​ကဲ​မှာ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ ဖြစ်​သည်။ သူ​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​တာ​ဝန်​ကျ​သူ​တို့​အား​ကြီး​ကြပ် ကွပ်​ကဲ​ရ​သည်။