တော​လည် 3:29-35 BCL

29 ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​တောင်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။-

30 သူ​တို့​၏​ခေါင်း​ဆောင်​မှာ​သြ​ဇေ​လ​၏​သား ဧ​လိ​ဇာ​ဖန်​ဖြစ်​သည်။-

31 သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ၊ စား​ပွဲ၊ မီး​ခုံ​တိုင်၊ ယဇ်​ပလ္လင်​များ၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ယဇ်​ပု​ရော​ဟိတ်​များ​အ​သုံး​ပြု​သော​ခွက် ယောက်​များ​နှင့်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ​စ​သည်​တို့​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ကြ​ရ​သည်။

32 လေ​ဝိ​အ​မျိုး​သား​တို့​၏​အ​ကြီး​အ​ကဲ​မှာ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ ဖြစ်​သည်။ သူ​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​တာ​ဝန်​ကျ​သူ​တို့​အား​ကြီး​ကြပ် ကွပ်​ကဲ​ရ​သည်။

33 မေ​ရာ​ရိ​၏​သား​ချင်း​စု​တွင်​မ​ဟာ​လိ မိ​သား​စု​နှင့်​မု​ရှိ​မိ​သား​စု​ပါ​ဝင်​၍၊-

34 အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက် ရှိ​သူ​ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ ခြောက်​ထောင့်​နှစ်​ရာ​ဖြစ်​သည်။-

35 ယင်း​သား​ချင်း​စု​သည်​တဲတော်​၏​မြောက်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ဘိ​ဟဲ​လ​၏​သား​ဇု​ရေ​လ ဖြစ်​သည်။-