40-41 ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့၏သားဦးရှိသမျှတို့သည် ငါနှင့်ဆိုင်၏။ သို့ဖြစ်၍အသက်တစ်လသား အရွယ်နှင့်အထက်ရှိသားဦးအားလုံးတို့ ၏နာမည်စာရင်းကိုကောက်ယူလော့။ သို့ရာ တွင်ထိုသူတို့ကိုငါပိုင်ဆိုင်ရာအဖြစ်ရွေး ချယ်မည့်အစားလေဝိအနွယ်ဝင်အပေါင်း တို့ကိုရွေးချယ်၏။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။ ထို့အပြင်သိုးနွားတိရစ္ဆာန် သားဦးပေါက်အားလုံးကိုငါပိုင်ဆိုင်ရာ အဖြစ်ရွေးချယ်မည့်အစားငါသည်လေဝိ အနွယ်ဝင်တို့၏သိုးနွားတိရစ္ဆာန်တို့ကို ငါရွေးချယ်၏'' ဟုမိန့်တော်မူ၏။-