1 မောရှေနှင့်အာရုန်ခေါင်းဆောင်၍ဣသရေလ အမျိုးသားတို့သည် အီဂျစ်ပြည်မှအနွယ် အလိုက်ထွက်ခွာလာခဲ့ကြ၏။ သူတို့၏ ခရီးစဉ်ကိုဖော်ပြပေအံ့။-
2 ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည် သူတို့ရပ်နားရာစခန်းအဆင့် ဆင့်တို့၏နာမည်များကိုမှတ်သားထား လေသည်။
3 ဣသရေလအမျိုးသားတို့သည် ပထမဦး ဆုံးကျင်းပသောပသခါပွဲတော်လွန်ပြီး နောက်တစ်နေ့ဖြစ်သောပထမလတစ်ဆယ် ငါးရက်နေ့၌ အီဂျစ်ပြည်မှထွက်ခွာလာခဲ့ ကြ၏။ သူတို့သည်ထာဝရဘုရား၏အကာ အကွယ်ဖြင့် အီဂျစ်အမျိုးသားတို့ရှေ့မှောက် တွင်ရာမသက်မြို့မှထွက်ခွာလာကြ၏။-
4 ထိုစဉ်အခါကအီဂျစ်အမျိုးသားတို့သည် ထာဝရဘုရားဒဏ်ခတ်ခြင်းခံရသော သားဦးများကိုမြှုပ်နှံလျက်နေကြ၏။ ထို သို့ဒဏ်ခတ်ခြင်းအားဖြင့်ထာဝရဘုရား သည် အီဂျစ်အမျိုးသားတို့၏ဘုရားများ ထက်တန်ခိုးကြီးကြောင်းပြတော်မူ၏။
5 ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ ထွက်ခွာလာကြပြီးနောက်သုကုတ် စခန်းတွင်ရပ်နားကြ၏။-
6 ထိုမှတစ်ဆင့်တောကန္တာရအစွန်ရှိဧသံ စခန်းတွင်ရပ်နားကြ၏။-