တော​လည် 33:40-54 BCL

40 ထို​အ​ချိန်​၌​ခါ​နာန်​ပြည်​တောင်​ပိုင်း​တွင် စိုး​စံ​သော​အာ​ရဒ်​ဘု​ရင်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ချီ​တက်​လာ​နေ​ကြောင်း ကြား​သိ​ရ​လေ​၏။

41-49 ဟော​ရ​တောင်​မှ​မော​ဘ​လွင်​ပြင်​သို့​သွား သော​ခ​ရီး​လမ်း​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရပ်​နား​ခဲ့​သော​စ​ခန်း​များ​နာ​မည် စာ​ရင်း​မှာ​ဇာ​လ​မော​န၊ ပု​နုန်၊ သြ​ဗုတ်၊ မော​ဘ​ပြည်​ထဲ​ရှိ​ဣ​ဇာ​ဗာ​ရိမ်၊ ဒိ​ဗုန်​ဂဒ်၊ အာ​လ​မုန်​ဒိ ဗ​လ​သိမ်၊ နေ​ဗော​တောင်​အ​နီး ရှိ​အာ​ဗ​ရိမ်​တောင်၊ ဗက်​ယေ​ရှိ​မုတ်​နှင့်​အာ ကာ​ရှား​ချိုင့်​ဝှမ်း​အ​ကြား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင် ပြင်​တို့​ဖြစ်​သည်။

50 ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​အ​နီး ရှိ​မော​ဘ​လွင်​ပြင်​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊-

51 မိန့်​မှာ​တော်​မူ​သည်​ကား``သင်​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော အ​ခါ၊-

52 ထို​ပြည်​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​နှင် ထုတ်​ရ​မည်။ သူ​တို့​၏​ကျောက်​ရုပ်​ဘု​ရား၊ သတ္တု ရုပ်​ဘု​ရား​များ​နှင့်​သူ​တို့​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ရှိ​သ​မျှ​တို့​ကို​ဖျက်​ဆီး​ပစ်​ရ မည်။-

53 ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​ဖြင့် သင်​တို့​သည် ထို​ပြည်​ကို​သိမ်း​ပိုက်​၍​အ​ခြေ ချ​နေ​ထိုင်​ကြ​ရ​မည်။-

54 ဣ​သ​ရေ​လ​အ​နွယ်​များ​နှင့်​သား​ချင်း​စု အ​သီး​သီး​တို့​အား ထို​ပြည်​ကို​မဲ​ချ​၍​ခွဲ ဝေ​ပေး​ရ​မည်။ သား​ချင်း​စု​ဦး​ရေ​အ​နည်း အ​များ​အ​လိုက် မြေ​ကို​အ​ချိုး​ချ​ခွဲ​ဝေ ပေး​ရ​မည်။-