တော​လည် 34:13-29 BCL

13 သို့​ဖြစ်​၍​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ဤ​နယ်​မြေ​သည်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အ​နွယ်​ကိုး​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့ အား​သတ်​မှတ်​ပေး​သော​နယ်​မြေ​ဖြစ်​၍ သင်​တို့ သည်​မဲ​ချ​ယူ​ကြ​ရ​မည်။-

14-15 ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ကမ်း​ရှိ​နယ်​မြေ​ကို မိ​မိ တို့​၏​သား​ချင်း​စု​အ​လိုက်​ခွဲ​ဝေ​ကြ​ပြီး​ဖြစ် သည်'' ဟု​ဆို​လေ​၏။

16 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-

17 ``ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​နုန်​၏​သား ယော​ရှု​တို့​သည်​မြေ​ကို​ခွဲ​ဝေ​ပေး​ရ​မည်။-

18 ထို့​ပြင်​အ​နွယ်​တစ်​မျိုး​မှ​ခေါင်း​ဆောင်​တစ်​ဦး စီ​တို့​ကို​ရွေး​၍ သူ​တို့​အား​ကူ​ညီ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

29 ဤ​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား ခါ​နာန်​ပြည်​ကို​ခွဲ​ဝေ​ပေး​ရန်​ထာ​ဝ​ရ ဘု​ရား​ခန့်​အပ်​တော်​မူ​သော​ပ္ဂိုလ်​များ​ဖြစ် ကြ​သည်။