တော​လည် 35:24-30 BCL

24 လူ​ပ​ရိတ်​သတ်​က​လူ​သတ်​မှု​ကူး​လွန်​သူ နှင့် သေ​ဆုံး​သူ​၏​အ​နီး​ဆုံး​သွေး​တော်​စပ် သူ​တို့​အ​ကြား​တ​ရား​ဋ္ဌမ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​မည်။-

25 လူ​ပ​ရိ​သတ်​သည်​လူ​သတ်​မှု​ကူး​လွန်​သူ အား​သေ​ဆုံး​သူ​၏​ဆွေ​မျိုး​တော်​စပ်​သူ​လက် မှ​ကယ်​တင်​၍ သူ​ထွက်​ပြေး​ခို​လှုံ​ခဲ့​သော​မြို့ သို့​ပြန်​ပို့​ရ​မည်။ သူ​သည်​ထို​စဉ်​က​အ​မှု​ထမ်း နေ​ဆဲ​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​နိစ္စ​ရောက်​သည် အ​ထိ​ထို​မြို့​တွင်​နေ​ထိုင်​ရ​မည်။-

26 အ​ကယ်​၍​လူ​သတ်​မှု​ကူး​လွန်​သူ​သည် ခို​လှုံ​ရာ​မြို့​ပြင်​သို့​ထွက်​သ​ဖြင့်၊-

27 သေ​ဆုံး​သူ​နှင့်​သွေး​တော်​စပ်​သူ​က​တွေ့​၍ သူ့ အား​လက်​စား​ချေ​သတ်​ပစ်​လျှင်​ဤ​လက်​စား ချေ​ခြင်း​သည်​လူ​သတ်​မှု​မ​ဟုတ်။-

28 သို့​ရာ​တွင်​လူ​သတ်​မှု​ကူး​လွန်​သူ​သည် ထို​စဉ် က​အ​မှု​ထမ်း​နေ​ဆဲ​ယဇ်​ပု​ရော​ဟိတ်​မင်း အ​နိစ္စ​ရောက်​သည်​တိုင်​အောင်​သူ​ခို​လှုံ​ရာ​မြို့ တွင်​နေ​ထိုင်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​မင်း​အ​နိစ္စ ရောက်​ပြီး​နောက် သူ​သည်​မိ​မိ​၏​နေ​ရပ်​သို့ ပြန်​နိုင်​သည်။-

29 သင်​တို့​သည်​မည်​သည့်​အ​ရပ်​၌​နေ​ထိုင်​သည် မ​ဆို ဤ​ပ​ညတ်​များ​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ကြ​ရ​မည်။

30 ``လူ​သတ်​မှု​ဖြင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သူ​အား သက် သေ​နှစ်​ဦး​သို့​မ​ဟုတ်​နှစ်​ဦး​ထက်​ပို​၍​ရှိ​မှ သေ​ဒဏ်​စီ​ရင်​ရ​မည်။ သက်​သေ​တစ်​ဦး​တည်း ၏​စွပ်​စွဲ​ချက်​ဖြင့် ထို​သူ​အား​သေ​ဒဏ်​မ​စီ ရင်​ရ။-