တော​လည် 36:9-13 BCL

9 မြေ​သည်​တစ်​နွယ်​လက်​မှ​အ​ခြား​တစ်​နွယ် လက်​သို့​ကူး​ပြောင်း​နိုင်​လိမ့်​မည်​မ​ဟုတ်။ အ​နွယ် တိုင်း​က​မိ​မိ​ပိုင်​မြေ​ကို​ဆက်​လက်​ပိုင်​ဆိုင် လိမ့်​မည်'' ဟု​ဆို​၏။

10-11 ထို့​ကြောင့်​ဇ​လော​ဖဒ်​၏​သ​မီး​များ​ဖြစ်​ကြ သော​မာ​လာ၊ တိ​ရ​ဇာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ နှင့်​နော​အာ​တို့​သည် မော​ရှေ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​မိ​မိ​တို့ ၏​အစ်​ကို​ဝမ်း​ကွဲ​များ​နှင့်​စုံ​ဖက်​ကြ​၏။-

12 သူ​တို့​သည်​ယော​သပ်​၏​သား​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​နှင့်​စုံ​ဖက်​ကြ​သ​ဖြင့် သူ​တို့​အ​မွေ​ခံ ရ​သော​မြေ​သည်​ဖ​ခင်​၏​အ​နွယ်​လက်​ဝယ် ဆက်​လက်​တည်​ရှိ​လေ​သည်။

13 ဤ​ပ​ညတ်​များ​သည်​ကား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပေး​တော် မူ​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​တော​လည်​ရာ ကျမ်း​ပြီး​၏။