တော​လည် 4:17-26 BCL

17 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊

18-19 ``ကော​ဟတ်​၏​သား​ချင်း​စု​တို့​ကို​အ​လွန်​သန့်​ရှင်း သော​ပစ္စည်း​များ​အ​နီး​သို့​မ​ချဉ်း​ကပ်​စေ​နှင့်။ ထို အ​ဖြစ်​မျိုး​မ​ဆိုက်​ရောက်​စေ​ရန်​အာ​ရုန်​နှင့်​သူ ၏​သား​တို့​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​လူ​အ​သီး သီး​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​နှင့်​ထမ်း​ရ​မည့် ဝန်​တို့​ကို​ခန့်​ခွဲ​ပေး​ရ​မည်။-

20 ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​တဲတော်​ထဲ သို့​ဝင်​၍​သန့်​ရှင်း​သော​ပစ္စည်း​များ​ကို​ခေတ္တ မျှ​ကြည့်​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။

21 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊

22-23 လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုန်​၏​သား​ချင်း​စု​တို့ မှ​အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း​ရှိ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​၌​အ​မှု ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့​ကို ဘိုး​ဘေး​ဆွေ မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက် ယူ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-

24-25 သူ​တို့​တာ​ဝန်​မှာ၊- တဲ​တော်၊ တဲ​တော်​အောက်​ခံ အ​မိုး၊ အ​ပြင်​အ​မိုး၊ နူး​ညံ့​သော​အ​ပေါ်​ဆုံး ထပ်​သား​ရေ​မိုး၊-

26 တဲ​တော်​တံ​ခါး​ဝ​ကန့်​လန့်​ကာ၊ တဲ​တော်​နှင့် ယဇ်​ပလ္လင်​ပတ်​လည်​ရှိ​ကန့်​လန့်​ကာ​များ​နှင့် ကြိုး​များ၊ တဲ​တော်​ဝင်း​ပေါက်​ကန့်​လန့်​ကာ များ​အ​စ​ရှိ​သည်​တို့​ကို​လည်း​ကောင်း၊ ထို ပစ္စည်း​များ​ကို​တပ်​ဆင်​ရာ​၌​အ​သုံး​ပြု သော​တန်​ဆာ​ပ​လာ​အား​လုံး​တို့​ကို​လည်း ကောင်း​သယ်​ဆောင်​ရန်​ဖြစ်​သည်။ သူ​တို့​သည် ထို​ပစ္စည်း​များ​နှင့်​ဆိုင်​၍ ဆောင်​ရွက်​ရန်​ရှိ သ​မျှ​တို့​ကို​တာ​ဝန်​ယူ​ရ​မည်။-