တော​လည် 4:30-49 BCL

30 အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း​ရှိ ၍​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​၌ အ​မှု​ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့​ကို ဘိုး ဘေး​ဆွေ​မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက် စာ​ရင်း​ကောက်​ယူ​ရန် မော​ရှေ​အား​အ​မိန့် ပေး​တော်​မူ​၏။-

31 သူ​တို့​သည်​တဲ​တော်​သစ်​သား​ဘောင်​များ၊ တန်း များ၊ တိုင်​များ​နှင့်​အောက်​ခံ​ခုံ​များ​ကို​လည်း ကောင်း၊-

32 တဲ​တော်​ဝင်း​ပတ်​လည်​ရှိ​တိုင်​များ၊ အောက်​ခံ​ခုံ များ၊ ကြက်​ဆူး​များ​နှင့်​ကြိုး​များ​ကို​လည်း ကောင်း၊ ထို​ပစ္စည်း​များ​ကို​တပ်​ဆင်​ရာ​၌​အ​သုံး ပြု​သော​တန်​ဆာ​ပ​လာ​အား​လုံး​တို့​ကို လည်း​ကောင်း​သယ်​ဆောင်​ရ​မည်။ လူ​တိုင်း မိ​မိ​အ​တွက်​သတ်​မှတ်​ပေး​သော​ပစ္စည်း ကို​သယ်​ဆောင်​ရ​မည်။-

33 ဤ​သည်​တို့​သည်​ကား​တဲ​တော်​တွင်​မေ​ရာ​ရိ သား​ချင်း​စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ ဖြစ်​သည်။ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ညွှန်​ကြား​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​ရ​မည်။

49 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​စီ တို့​ကို​စာ​ရင်း​ကောက်​ယူ​၍ သူ​တို့​အ​သီး​သီး ဆောင်​ရွက်​ရ​မည့်​ဝတ္တ​ရား​နှင့်​သယ်​ဆောင်​ရ မည့်​တာ​ဝန်​ကို​ခွဲ​ခန့်​ပေး​လေ​သည်။