တော​လည် 4:8-14 BCL

8 ထို​ပစ္စည်း​များ​အား​လုံး​တို့​ကို​အ​နီ​ထည် ဖြင့်​ဖုံး​အုပ်​၍ ထို​အ​နီ​ထည်​ပေါ်​တွင်​နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​ရ​မည်။ ထို နောက်​ထမ်း​ပိုး​များ​ကို​ကွင်း​များ​တွင် လျှို​ထား​ရ​မည်။

9 မီး​ခုံ​တိုင်​နှင့်​ဆိုင်​ရာ​မီး​ခွက်​များ၊ မီး​ညှပ် များ၊ မီး​ခံ​ခွက်​များ​နှင့်​သံ​လွင်​ဆီ​ခွက်​စ သည်​တို့​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​အုပ်​ရ​မည်။-

10 မီး​ခုံ​တိုင်​နှင့်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး​တို့​ကို နူး​ညံ့​သော​သား​ရေ​ထည်​ဖြင့်​ထုပ်​ပြီး​လျှင် ထမ်း​စင်​ပေါ်​သို့​တင်​ရ​မည်။

11 ရွှေ​ယဇ်​ပလ္လင်​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​ပြီး​လျှင် အ​ပြာ​ထည်​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ထည်​ဖြင့်​အုပ်​ထား​ရ​မည်။ ထို​နောက်​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။-

12 သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​တွင်​အ​သုံး​ပြု သော​ခွက်​ယောက်​အား​လုံး​ကို​အ​ပြာ​ထည် ဖြင့်​ထုပ်​၍ အ​ပြာ​ထည်​အ​ပေါ်​၌​နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​ပြီး​လျှင် ထမ်း​စင်​ပေါ်​သို့​တင်​ရ​မည်။-

13 ယဇ်​ပလ္လင်​မှ​အ​ဆီ​နှင့်​ပြာ​ကို​ရှင်း​လင်း​ပြီး လျှင် ပလ္လင်​ကို​ခ​ရမ်း​ရောင်​အ​ထည်​ဖြင့်​ဖုံး အုပ်​ထား​ရ​မည်။-

14 ထို​အ​ပေါ်​တွင်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော မီး​ခံ​ခွက်၊ ချိတ်၊ ဂေါ်​ပြား၊ ဖ​လား​စ​သော​အ​သုံး​အ​ဆောင် ပစ္စည်း​အား​လုံး​တို့​ကို​တင်​ထား​ရ​မည်။ ထို​နောက် ပလ္လင်​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​ကို နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​၍​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။-