တော​လည် 6:4-11 BCL

4 သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​ဖြင့်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​စ​ပျစ်​သီး​စေ့၊ စ​ပျစ် သီး​ခွံ​မှ​စ​၍​စ​ပျစ်​ပင်​မှ​ရ​သ​မျှ​ကို​မ စား​ရ။

5 သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​သည့်​ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင် ကို​မ​ဖြတ်​ရ၊ မ​ရိတ်​ရ။ သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​အ​ဋ္ဌိ​ဋ္ဌာန် ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင်​နှင့်​မုတ်​ဆိတ် မွေး​ကို​မ​ဖြတ်​မ​ရိတ်​ရ။-

6-7 သူ​၏​ဆံ​ပင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင် အား​ဆက်​ကပ်​သော​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည်။ ထို​ကြောင့်​သူ​သည်​မိ​မိ​ကိုယ်​ကို​မ​ညစ်​ညမ်း စေ​ရန်​လူ​သေ​အ​လောင်း​အ​နီး​သို့​မ​ချဉ်း ကပ်​ရ။ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော် လည်း​မ​ချဉ်း​ကပ်​ရ။-

8 သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​ဖြစ်​သည့်​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား သူ​ဖြစ်​သည်။

9 နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တစ်​ယောက်​၏​အ​နီး​တွင် တစ် စုံ​တစ်​ယောက်​ရုတ်​တ​ရက်​သေ​ဆုံး​ခဲ့​သည်​ရှိ သော် သူ​၏​ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည် ညစ် ညမ်း​သွား​လိမ့်​မည်။ ယင်း​သို့​ဖြစ်​လျှင်​သူ​သည် ခု​နစ်​ရက်​စောင့်​ဆိုင်း​၍ ဆံ​ပင်​နှင့်​မုတ်​ဆိတ်​မွေး ကို​ရိတ်​ရ​မည်။ ထို​အ​ခါ​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-

10 အ​ဋ္ဌ​မ​နေ့​တွင်​သူ​သည်​ချိုး​နှစ်​ကောင်​သို့ မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​ရှိ​ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

11 သူ​သည်​လူ​သေ​ကောင်​နှင့်​တွေ့​ထိ​၍​ညစ်​ညမ်း သွား​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ပြု​ရန် ငှက်​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း​ကောင်း၊ ကျန်​ငှက်​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း​ပူ​ဇော်​ရ​မည်။ ထို​နေ့​တွင်​သူ​၏ ဆံ​ပင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပြန်​လည် ဆက်​ကပ်​ရ​မည်။-