တော​လည် 14:1-5 BJB

1 ထိုအခါပရိသတ်အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တညဉ့်လုံး ငိုကြွေးကြ၏။

2 ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌မသေပါလေ။ ဤတော၌မသေပါလေ။

3 ငါတို့သည်ထားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ရောက်စေခြင်းငှါ ထာဝရဘုရားသည် အဘယ်ကြောင့်ငါတို့ကို ဤအရပ်သို့ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တုပြည်သို့ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ၊

4 တဖန်လူတစုံတယောက်ကိုချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ပြန်ကြစို့ဟု တယောက်ကို တယောက်ဆိုကြ၏။

5 မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက်နေကြ၏။