တော​လည် 29 BJB

1 သတ္တမလ၊ ပဌမနေ့ရက်၌ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ တံပိုးမှုတ်ခြင်းကိုပြုရသောနေ့ဖြစ်၏။

2 ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။

3 နွားတကောင်လျှင် ဆီရောသောမုန့်ညက်သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊

4 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။

5 အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည်။

6 ထိုသို့ထုံးစံရှိသည့်အတိုင်း၊ လဆန်းနေ့မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သက္ကာ၊ နေ့တိုင်းပြုသောမီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာမှတပါး၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောယဇ်ပူဇော်သက္ကာကို ပူဇော်ရမည်။

7 ၎င်းလ၊ ဒသမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြု၍ ခြိုးခြံစွာကျင့်ရမည်။ အဘယ်အလုပ်ကိုမျှမလုပ်ရ။

8 ထိုနေ့၌ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။

9 နွားတကောင်လျှင် ဆီရောသောမုန့်ညက်သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊

10 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။

11 အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ပူဇော်ရမည်။ ထိုသို့အပြစ်ဖြေခြင်းငှါ အပြစ်ဖြေရာယဇ်၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်၊ သူ၏ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ထပ်၍ပြုရမည်။

12 ၎င်းလတဆယ်ငါးရက်နေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ဘဲ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ ပွဲခံရမည်။

13 ပဌမနေ့၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးဆယ်သုံးကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည်။

14 နွားဆယ်သုံးကောင်စေ့အောင်၊ တကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲစီ၊ သိုးနှစ်ကောင်စေ့အောင်၊ တကောင်လျှင် နှစ်ဩမဲစီ၊

15 သိုးသငယ်ဆယ်လေးကောင်စေ့အောင်၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။

16 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ထပ်၍ပူဇော်ရမည်။

17 ဒုတိယနေ့၌၊ အသက်ပျိုသော နွားထီးဆယ်နှစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသောသိုးသငယ်ဆယ်လေးကောင်ကို၎င်း၊

18 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာကို၎င်း၊

19 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။

20 တတိယနေ့၌၊ နွားထီးဆယ်တကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကို၎င်း၊

21 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာကို၎င်း၊

22 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။

23 စတုတ္ထနေ့၌ နွားထီးဆယ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကို၎င်း၊

24 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာကို၎င်း၊

25 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။

26 ပဥ္စမနေ့၌ နွားထီးကိုးကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကို၎င်း၊

27 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာကို၎င်း၊

28 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။

29 ဆဌမနေ့၌၊ နွားထီးရှစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကို၎င်း၊

30 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာကို၎င်း၊

31 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ပူဇော်ရမည်။

32 သတ္တမနေ့၌ နွားထီးခုနစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကို၎င်း၊

33 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊

34 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။

35 အဌမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကိုမလုပ်ရ။

36 ထိုနေ့၌ ထာဝရဘုရားဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသောသိုးသငယ် ခုနစ်ကောင်ကို၎င်း၊

37 သိုး၊ နွား၊ သိုးသငယ်အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာကို၎င်း၊

38 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။

39 ထိုသို့သစ္စာဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလိုပြုသောပူဇော်သက္ကာ၊ မီးရှို့ရာပူဇော်သက္ကာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ၊ မိဿဟာယပူဇော်သက္ကာမှတပါး၊ ချိန်းချက်သောပွဲတို့၌ ထာဝရဘုရားအားထပ်၍ ပူဇော်ရမည်ဟု မိန့်တော်မူ၏။

40 ထိုသို့မောရှေသည်၊ မိမိအား ထာဝရဘုရား မှာထားတော်မူသမျှတို့ကို၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36