တော​လည် 31:4-10 BJB

4 ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတမျိုးထဲက၊ လူတထောင်စီရွေး၍ စစ်ချီစေဟု စီရင်သည်အတိုင်း၊

5 ဣသရေလအမျိုးသား အထောင်အသောင်းတို့တွင် တမျိုးတမျိုးထဲက၊ စစ်တိုက်လက်နက်ပါသောသူတထောင်စီ၊ လူပေါင်းတသောင်းနှစ်ထောင်ကိုအပ်၍၊

6 မောရှေသည်ထိုသူတို့ကို၎င်း၊ သန့်ရှင်းသောလက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကိုကိုင်သော ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်ကို၎င်း စစ်ချီ စေ၏။

7 မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကိုတိုက်၍ လူယောက်ျားအပေါင်းတို့ကိုသတ်ကြ၏။

8 အသေသတ်ခြင်းကိုခံရသောသူတို့တွင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီးငါးပါးပါကြ၏။ ဗောရသားဗာလမ်ကိုလည်း ထားနှင့် သတ်ကြ၏။

9 ဣသရေလအမျိုးသားတို့သည်၊ မိဒျန်မိန်းမများ၊ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွားအစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။

10 မိဒျန်အမျိုးသားတို့နေသောမြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။