41 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ ချီးမြှောက်ရာပူဇော်သက္ကာပြုဘို့ရာအခွန်ကို ယဇ်ပုရောဟိတ်ဧလာဇာအား အပ်ပေးလေ၏။
42 တဖန်စစ်တိုက်သောသူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊
43 ပရိသတ်တို့ခံရသောထက်ဝက်အဘို့ကား၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ၊
44 နွားသုံးသောင်းခြောက်ထောင်၊
45 မြည်းသုံးသောင်းငါးရာ၊
46 လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍
47 ဣသရေလအမျိုးသားခံရသောထက်ဝက်အဘို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင်တကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကိုစောင့်သော လေဝိသားတို့အားပေး၏။ ထိုသို့ ထာဝရဘုရားမှာထားတော်မူ၏။