5 သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အားအပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တဘက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
6 မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွားရမည်လော။
7 ထာဝရဘုရားပေးတော်မူသောပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည်အကြောင်း၊ သူတို့စိတ်ကို အဘယ်ကြောင့်ဖျက်ကြသနည်း။
8 ပြည်တော်ကိုကြည့်ရှုစေခြင်းငှါ၊ သင်တို့အဘတို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
9 ဧရှကောလချောင်းသို့သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသောပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကိုဖျက်ကြ၏။
10-12 ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက်လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ငါကျိန်ဆို၍ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုးယေဖုန္နာ၏သားကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံးမလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှမမြင်ရ။ ထိုသူနှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြပြီဟု ကျိန်ဆိုတော်မူ၏။
13 ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုကိုပြုသောလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက်ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌လှည့်လည်စေတော်မူ၏။