22 သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိသော်၎င်း၊
23 သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကိုမမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော်၎င်း၊
24 ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည်သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌တရားစီရင်၍၊
25 သတ်သောသူကို သေစားသေစေသောသူ၏လက်မှနှုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ပြန်ပို့ရမည်။ ဓမ္မဆီလောင်းခြင်းကိုခံရသော ယဇ်ပုရောဟိတ်မင်းမသေမှီတိုင်အောင် ထိုမြို့၌နေရမည်။
26 လူအသက်ကိုသတ်မိသောသူသည်ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊
27 သေစားသေစေသောသူသည် မြို့နယ်ပြင်မှာ ထိုသူကိုတွေ့၍သတ်လျှင်၊ လူအသက်ကိုသတ်သောအပြစ်မရှိ။
28 အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ်မင်းမသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာနေရမည်။ ယဇ်ပုရောဟိတ်မင်းသေသောနောက်မှ၊ ထိုသူသည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။