30 ထိုကြောင့် လူများတို့သည်ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။
31 ဣသရေလအမျိုးသားတို့သည် ထိုစားစရာကိုမန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသောမုန့်ကြွပ်နှင့် အရသာတူ၏။
32 မောရှေကလည်း၊ သင်တို့ကိုအဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ တော၌ သင်တို့အားကျွေးသောမုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ၊ သူတို့အဘို့သိုထားရသော ဩမဲတဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကိုပြန်ပြောလေ၏။
33 တဖန်အာရုန်ကိုလည်း၊ အိုးတလုံးကိုယူ၍ မန္နတဩမဲကိုအပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုးအစဉ်အဆက်ဘို့စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ဟုဆို၍၊
34 မောရှေကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာသိုထားလေ၏။
35 ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့မရောက်မှီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံးမန္နကိုစားကြ၏။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင်မန္နကိုစားကြ၏။
36 ဩမဲမူကား၊ ဧဖာဆယ်စုတစုဖြစ်သတည်း။