ထွက်​မြောက် 25:29-35 BJB

29 စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည်။

30 ငါ့ရှေ့၊ စားပွဲပေါ်မှာရှေ့တော်မုန့်ကို အစဉ်တင်ရမည်။

31 မီးခုံကိုလည်းရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုရမည်။

32 မီးခုံတိုင်တဘက်တချက် သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိရမည်။

33 မီးခုံတိုင်ထဲကထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်သုံးခွက်ရှိရမည်။

34 မီးခုံတိုင်၌လည်း ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက် ရှိရမည်။

35 မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီရှိရမည်။