1 တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကိုလုပ်ရမည်။
2 ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူရမည်။
3 ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည်။
4 ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသောကုလားကာပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။