6 ရှဟံကျောက်နှစ်လုံးကိုသွေး၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ဣသရေလအမျိုး၏နာမတို့ကို အက္ခရာတင်ပြီးမှ၊ ရွှေကျောက်အိုး၌ ထည့်လေ၏။
7 ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကိုအောက်မေ့ဘို့ရာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ၏။
8 ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကိုလုပ်သည်နည်းတူ၊ ရင်ဖုံးကိုထူးဆန်းစွာ လုပ်လေ၏။
9 ရင်ဖုံးနှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်းလေးထောင့်ဖြစ်၏။
10 ထိုရင်ဖုံး၌ကျောက်မြတ်ကို လေးတန်းစီလေ၏။ ပဌမအတန်းကား ကျောက်နီ၊ ဥဿဘယား၊ ပတ္တမြား။
11 ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်။
12 တတိယအတန်းကား ဝှါကိန္သု၊ မဟူရာ၊ ဂေါမိတ်။