19 ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည်ဘုရားသခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖာရောဘုရင်အားလျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
20 ထာဝရဘုရားကလည်း၊ သင်သည် နံနက်စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖာရောဘုရင်ရှေ့မှာရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။
21 မလွှတ်ဘဲနေလျှင် သင်နှင့် သင်၏ကျွန်များ၊ လူများ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တုလူတို့နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့်ရှိရလိမ့်မည်။
22 ငါသည် မြေကြီးအလယ်၌ ထာဝရဘုရားဖြစ်ကြောင်းကို သင်သိစေခြင်းငှါ ငါ၏လူတို့နေရာဂေါရှင်ပြည်ကို ထိုနေ့၌ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။
23 ထိုသို့ ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနားစေမည်။ နက်ဖြန်နေ့၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော်မူကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
24 ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန်ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖာရောဘုရင်အိမ်အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တရှောက်လုံး၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက်လေ၏။
25 ထိုအခါ၊ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌ သင်တို့၏ဘုရားသခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော်၊