10 ယောသပ်သားတွင်၊ ဧဖရိမ်အမျိုး အမိဟုဒ်သားဧလိရှမာ၊ မနာရှေအမျိုး၊ ပေဒါဇုရသားဂါမလျလ။
11 ဗင်္ယာမိန်အမျိုး၊ ဂိဒေါနိသားအဘိဒန်။
12 ဒန်အမျိုး၊ အမိရှဒဲသားအဟေဇာ။
13 အာရှာအမျိုး၊ ဩကရန်သားပါဂျေလ။
14 ဂဒ်အမျိုး၊ ဒွေလသားဧလျာသပ်၊
15 နဿလိအမျိုး၊ ဧနန်သားအဟိရတည်း။
16 ဤသူတို့သည် ပရိသတ်တွင်ကျော်စောသောသူ၊ အဆွေအမျိုး သူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။