2 သင်နှင့် အာရုန်သည် ဣသရေလအမျိုးသားပရိသတ်တို့တွင်၊ အသက်နှစ်ဆယ်လွန်၍၊
3 စစ်တိုက်နိုင်သောယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးသီးအလိုက်စာရင်းယူလျက်၊ တပ်ခင်းကျင်း၍ရေတွက်လော့။
4 အမျိုးအနွယ်အသီးသီး တမျိုးတယောက်စီ မိမိတို့အဆွေအမျိုး၌ သူကြီးဖြစ်သောလူတို့သည် သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရကြမည်။
5 သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။
6 ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။
7 ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်။
8 ဣသခါအမျိုး ဇုအာသားနာသနေလ။