တော​လည် 1:23-29 BJB

23 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာရှိကြ၏။

24 ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

25 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာငါးဆယ် ရှိကြ၏။

26 ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

27 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်းခုနစ်သောင်း၊ လေးထောင်ခြောက်ရာရှိကြ၏။

28 ဣသခါအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးကိုလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊

29 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းလေးထောင်လေးရာရှိကြ၏။