43 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းသုံးထောင်လေးရာရှိကြ၏။
44 ထိုသို့မောရှေနှင့် အာရုန်အစရှိသောဣသရေလအမျိုး၌ အဆွေအမျိုးသူကြီးဖြစ်သော မင်းဆယ်နှစ်ပါးတို့သည်
45 ဣသရေလအမျိုးသားအပေါင်းတို့ကို အဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းယူသည်အတိုင်း၊
46 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောလူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ်ရှိသတည်း။
47 လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်းမဝင်ရသည်အမှုမှာ၊
48 ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား
49 လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။ စာရင်းထဲ၌မသွင်းရ။