တော​လည် 1:51-54 BJB

51 တဲတော်ကို ယူသွားချိန်ရောက်သောအခါ၊ လေဝိသားတို့သည်ရုပ်သိမ်းရမည်။ နေရာချချိန်ရောက်သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတပါး အခြားသောအမျိုးသားသည်ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်။

52 ဣသရေလအမျိုးသားတို့သည် တပ်ချသောအခါ၊ အလုံးအရင်းတရှောက်လုံး၊ လူတိုင်း မိမိဆိုင်သောတပ်တွင် မိမိဆိုင်သောအလံနားမှာ မိမိတဲကိုဆောက်ရမည်။

53 ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ်အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှါ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရမည်ဟု၊

54 မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည် ပြုကြ၏။