တော​လည် 11:14-20 BJB

14 ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာမဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသောဝန်လည်းလေးလွန်းပါ၏။

15 ထိုသို့အကျွန်ုပ်၌ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကိုအလျင်အမြန်သေစေတော်မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအားလျှောက်ဆို၏။

16 ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သောဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာစုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။

17 ငါသည်လည်း ထိုအရပ်သို့ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကိုငါယူ၍ သူတို့အပေါ်မှာတင်မည်။ ဤလူ တို့ကို သင်တယောက်တည်းသာ ဆောင်ရွက်ရမည်မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက်ရကြမည်။

18 သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဘို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့။ အမဲသားကိုစားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့အား အမဲသားကိုပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌နေစဉ်၊ ငါတို့သည်ချမ်းသာစွာနေကြ၏ဟု ငိုကြွေးလျက်ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့်၊ အမဲသားကိုပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။

19 တရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက်နှစ်ဆယ်သာ စားရကြမည်မဟုတ်။

20 သင်တို့နှာခေါင်းထဲကအမဲသားထွက်၍ ရွံစရာဖြစ်သည်တိုင်အောင် တလပတ်လုံးစားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို၊ သင်တို့သည်မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော်၌ ငိုကြွေးလျက်ပြောဆိုကြပြီတကားဟု မောရှေအား မိန့်တော်မူ၏။