တော​လည် 11:23-29 BJB

23 ထာဝရဘုရားက ထာဝရဘုရားလက်တိုသလော။ ငါ့စကားတည်မည် မတည်မည်ကို သင်သိလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။

24 မောရှေသည်ထွက်၍ ထာဝရဘုရား၏စကားတော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကိုစုဝေးစေ၍၊ ပရိသတ် စည်းဝေးရာတဲတော်ပတ်လည်၌ ထားလေ၏။

25 ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့်ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကိုယူ၍ အသက်ကြီးသူခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ ထိုဝိညာဉ်သည် သူတို့အပေါ်မှာကျိန်းဝပ်သောအခါ၊ သူတို့သည်ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။

26 ထိုလူစု၌ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည်စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာနေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်းပရောဖက်ပြု၍ တပ်ထဲမှာဟောကြ၏။

27 လုလင်တယောက်သည်လည်း မောရှေထံသို့ပြေး၍၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက်ပြု၍ဟောပါ၏ဟုလျှောက်လျှင်၊

28 မောရှေ၏လက်ထောက်ဖြစ်သော လုလင်နုန်သားယောရှုက၊ သခင်မောရှေ၊ သူတို့ကိုဆီးတားတော်မူပါဟုဆိုသော်၊

29 မောရှေက၊ သင်သည် ငါ့အတွက်ငြူစူသောစိတ်ရှိသလော။ ထာဝရဘုရား၏ လူအပေါင်းတို့သည်ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည်ဝိညာဉ်တော်ကို သူတို့အပေါ်မှာတင်တော်မူပါစေသောဟု ဆိုပြီးမှ၊