တော​လည် 11:30-35 BJB

30 ဣသရေလအမျိုးသားအသက်ကြီးသူတို့နှင့် အတူ တပ်ထဲသို့ပြန်သွားလေ၏။

31 ထိုအခါ ထာဝရဘုရားသည်လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တရက်ခရီးစီတိုင်တိုင်ကွာသောအရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။

32 လူများတို့သည် တနေ့လုံး၊ တညဉ့်လုံး၊ နက်ဖြန်လည်းတနေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်းသိမ်းသောသူသည် ဆယ်ဟောမဲကိုသိမ်းရ၏။ တပ်ပတ် လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။

33 သို့ရာတွင် ငုံးသားကိုကိုက်၍မဝါးမှီ၊ ထာဝရဘုရားသည် သူတို့ကို အမျက်တော်ထွက်၍ အလွန်ပြင်းသောဘေးနှင့် ဒဏ်ခတ်တော်မူ၏။

34 တောင့်တသောသူတို့ကို သင်္ဂြိုဟ်ရာထိုအရပ်ကို ကိဗြုတ်သတ္တဝါဟူသော အမည်ဖြင့်မှည့်လေ၏။

35 လူများတို့သည် ကိဗြုဟ်ဟတ္တဝါအရပ်မှထွက်ပြီးလျှင်၊ ဟာဇရုတ်အရပ်သို့ ရောက်၍နေကြ၏။