9 စားခန်းချရာအရပ်၌ ညဉ့်အခါနှင်းနှင့်အတူ မနက်ကျတတ်၏။
10 ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါးဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာအမျက် ထွက်တော်မူ၏။ အပြစ်ရှိသည်ကိုမောရှေသိမြင်လျှင်၊
11 ဤလူအပေါင်းတို့ကိုထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာတင်၍ အဘယ်ကြောင့် အကျွန်ုပ်ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌ မျက်နှာမရဘဲနေရပါသနည်း။
12 သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသောပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကိုပိုက်ချီလျက်ဆောင်လော့ဟု အကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ်သည် ကိုယ်ဝန်ဆောင်ပါသလော။ ဘွားမြင်ပါသလော။
13 ဤလူအပေါင်းတို့အား ကျွေးစရာဘို့အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့စားစရာဘို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။
14 ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာမဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသောဝန်လည်းလေးလွန်းပါ၏။
15 ထိုသို့အကျွန်ုပ်၌ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကိုအလျင်အမြန်သေစေတော်မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအားလျှောက်ဆို၏။