တော​လည် 13:13-19 BJB

13 အာရှာအမျိုး၊ မိက္ခေလသားသေသုရ။

14 နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊

15 ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော၊

16 ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှါ မောရှေစေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။

17 ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှါ မောရှေစေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့်သွား၍ တောင်ရိုးပေါ်သို့တက်ကြလော့။

18 ထိုပြည်သည် အဘယ်သို့သောပြည် ဖြစ်သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အားနည်းသလော။ များသလော၊ နည်းသလော။

19 သူတို့နေသောပြည်သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း။ တဲနှင့် နေကြသလော။ ခိုင်ခံ့သော မြို့နှင့် နေကြသလော။