တော​လည် 13:18-24 BJB

18 ထိုပြည်သည် အဘယ်သို့သောပြည် ဖြစ်သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အားနည်းသလော။ များသလော၊ နည်းသလော။

19 သူတို့နေသောပြည်သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း။ တဲနှင့် နေကြသလော။ ခိုင်ခံ့သော မြို့နှင့် နေကြသလော။

20 ထိုမြေသည် ကောင်းသလော၊ မကောင်းလော၊ တောများသလော၊ နည်းသလောဟု ကြည့်ရှုကြလော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီးမှည့်စကာလဖြစ်သတည်း။

21 ထိုသူတို့သည်ဇိနတောမှသွား၍ ဟာမတ်မြို့သို့ရောက်သောလမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန်ပြည်ကိုစူးစမ်းကြ၏။

22 တောင်မျက်နှာ၌ရှောက်သွား၍ အာနကအမျိုးသားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့မတည်မှီ ခုနစ်နှစ်ကတည်သောမြို့ဖြစ်သတည်း။

23 ဧရှကောလချိုင့်သို့ရောက်လျှင် အသီးတပြွတ်ပါသောစပျစ်နွယ်ပင် အခက်တခက်ကိုခုတ်၍ လူနှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။

24 ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီးပြွတ်ကိုထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသောအမည်ဖြင့် မှည့်သတည်း။