တော​လည် 14:10-16 BJB

10 ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှါ စီရင်ကြ၏။ ထိုအခါထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်း တို့ရှေ့မှာ ပရိသတ်စည်းဝေးရာတဲတော်၌ ထင်ရှားလေ၏။

11 ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကို မရိုမသေပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့ပြီးသမျှသောနိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှကာလပတ်လုံး ငါ့ကိုမယုံဘဲနေကြလိမ့်မည်နည်း။

12 သူတို့ကိုကာလနာဘေးဖြင့် ငါသည်ဒဏ်ခတ်၍သား၏အရာကိုနှုတ်မည်။ သူတို့ထက် သင့်ကိုသာ၍စည်ပင်သောအမျိုး၊ သာ၍တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအားမိန့်တော်မူ၏။

13 မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကိုတန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နှုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍၊ နောက်တဖန် ဤသိတင်းကို အဲဂုတ္တုလူတို့သည်ကြားပြန်လျှင်၊

14 ဤပြည်၌နေသောသူတို့အား သိတင်းပြောကြလိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်းကို၎င်း၊ မိုဃ်းတိမ်တော်သည် သူတို့ကို လွှမ်းမိုးကြောင်းကို၎င်း၊ ကိုယ်တော်သည်နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ဖြင့် သူတို့ရှေ့ကကြွတော်မူကြောင်းကို၎င်း ကြားရကြပြီ။

15 ယခုမှာ၊ ဤလူမျိုးကိုလူတယောက်ကဲ့သို့မှတ်၍ သုတ်သင်ပယ်ရှင်းတော်မူလျှင်၊ သိတင်းတော်ကိုကြားဘူးသော လူအမျိုးမျိုးတို့က၊

16 ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သောပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း၊ ထိုပြည်သို့ သူတို့ကိုဆောင်သွင်းခြင်းငှါ မတတ်နိုင်သောကြောင့်၊ တော၌သုတ်သင်ပယ်ရှင်းပြီဟု ပြောဆိုကြပါလိမ့်မည်။