တော​လည် 16:1-5 BJB

1 လေဝိအမျိုး၊ ကောဟတ်သားဣဇဟာ၏သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သားဒါသန်နှင့် အဘိရံ၊ ပေလက်၏သားဩနတို့ကိုခေါ်ပြီးလျှင်၊

2 ပရိသတ်၌ကျော်စော၍ ဂုဏ်အသရေရှိသောသူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုးသားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကိုပုန်ကန်၍၊

3 မောရှေနှင့် အာရုန်တဘက်၌စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိသမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရားသည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ်ချီးမြှောက်ရသနည်းဟု ဆိုလေ၏။

4 ထိုစကားကိုမောရှေကြားလျှင် ပြပ်ဝပ်လျက်နေ၏။

5 တဖန်မောရှေက၊ အဘယ်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်းသည်ကို၎င်း၊ အဘယ်သူကိုချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရားပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်းကပ်စေတော်မူမည်။