တော​လည် 16:17-23 BJB

17 လူအသီးအသီးတို့သည် မိမိတို့လင်ပန်းများကိုယူ၍ လောဗန်ကိုတင်ပြီးမှ၊ သင်နှင့် အာရုန်သည်လည်း မိမိတို့လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့ကြလော့ဟု ဆိုသည်အတိုင်း၊

18 ထိုသူအသီးအသီးတို့သည် မိမိတို့လင်ပန်းများကိုယူ၍ မီးနှင့်လောဗန်ကို တင်ပြီးမှ၊ မောရှေ၊ အာရုန်နှင့်အတူ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်နေ ကြ၏။

19 ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ထင်ရှားလေ၏။

20 ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့် ခွာ၍တခြားစီနေလော့။

21 ငါသည် သူတို့ကိုချက်ခြင်းဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊

22 သူတို့ကပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ်သိမ်းသောသတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင်၊ လူတစ်ေယာက်အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။

23 ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲများကိုရှောင်၍ နေစေခြင်းငှါ၊