တော​လည် 16:19-25 BJB

19 ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ထင်ရှားလေ၏။

20 ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့် ခွာ၍တခြားစီနေလော့။

21 ငါသည် သူတို့ကိုချက်ခြင်းဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊

22 သူတို့ကပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ်သိမ်းသောသတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင်၊ လူတစ်ေယာက်အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။

23 ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲများကိုရှောင်၍ နေစေခြင်းငှါ၊

24 ပရိသတ်တို့အားဆင့်ဆိုလော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

25 မောရှေထ၍ ဣသရေလအမျိုးအသက်ကြီးသူတို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့သွားပြီးမှ၊