တော​လည် 16:32-39 BJB

32 မိမိခံတွင်းကိုဖွင့်သဖြင့်၊ သူတို့နှင့် သူတို့အိမ်များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသောသူတို့နှင့် သူတို့ဥစ္စာရှိသမျှကို၎င်း မျိုလေ၏။

33 ထိုသူတို့သည်ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသောသူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ဆင်းသက်၍၊ သူတို့အပေါ်မှာမြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှပယ်ရှင်းခြင်းကိုခံရကြ၏။

34 သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသောဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်းမြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက်ပြေးကြ၏။

35 နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောသူနှစ်ရာငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍လောင်လေ၏။

36 ထာဝရဘုရားကလည်း၊ ထိုသန့်ရှင်းသောလင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ၍၊ မီးကိုပစ်ချပြီးမှ၊

37-38 ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသောသူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သားဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရားရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့်ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

39 ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်းကိုခံရသော သူတို့ပူဇော်သော လင်ပန်းများကိုယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်လေ၏။