တော​လည် 16:4-10 BJB

4 ထိုစကားကိုမောရှေကြားလျှင် ပြပ်ဝပ်လျက်နေ၏။

5 တဖန်မောရှေက၊ အဘယ်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်းသည်ကို၎င်း၊ အဘယ်သူကိုချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရားပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်းကပ်စေတော်မူမည်။

6 အိုကောရနှင့် ကောရ၏အပေါင်းအသင်းရှိသမျှတို့၊ သင်တို့ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကိုယူ၍၊

7 နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့်လောဗန်ကိုတင်ကြလော့။ ထိုအခါ ထာဝရဘုရားရွေးကောက်တော်မူသောသူသည်၊ သန့်ရှင်းသောသူဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကိုစောင့်လွန်းကြသည်ဟု ဆိုလေ၏။

8 တဖန်မောရှေက၊ အိုလေဝိသားတို့၊ နားထောင်ကြပါလော့။

9 သင်တို့သည် ထာဝရဘုရား၏တဲတော်အမှုကိုဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကိုလည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင်သည်၊ သင်တို့ကိုအနီးအပါးသို့ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလအမျိုးပရိသတ်နှင့် ခွဲထား၍၊

10 သင့်ကို၎င်း၊ သင့်ညီအစ်ကိုလေဝိသားအပေါင်းတို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသောကျေးဇူးတော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။