တော​လည် 16:41-47 BJB

41 နက်ဖြန်နေ့၌ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကိုသတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့် အာရုန်တို့ကို အပြစ်တင်၍ မြည်တမ်းကြ၏။

42 ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန်တဘက်၌စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာတဲတော်သို့ မြော်ကြည့်၍၊ မိုဃ်းတိမ်သည် တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။

43 မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။

44 ထာဝရဘုရားကလည်း၊

45 ဤပရိသတ်တို့ကိုရှောင်၍နေကြလော့။ ငါသည် သူတို့ကို ချက်ခြင်းဖျက်ဆီးမည်ဟု မောရှေအားမိန့်တော်မူလျှင်၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ၏။

46 မောရှေကလည်း၊ သင်သည် လင်ပန်းကိုကိုင်၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကိုလည်းတင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကိုပြုလော့။ ထာဝရဘုရားထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ်ရောက်လျက်ရှိပြီဟု၊

47 အာရုန်အားမှာထားသည်အတိုင်း၊ အာရုန်သည်ယူ၍ ပရိသတ်ထဲသို့ ပြေးလေ၏။ ထိုအခါ လူတို့၌ဘေးဥပဒ်ရောက်စရှိသည်ဖြစ်၍၊ လောဗန်ကို တင်သဖြင့် လူများတို့အဘို့ အပြစ်ဖြေခြင်းကိုပြု၏။