တော​လည် 17:1-7 BJB

1 တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

2 သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလဆယ်နှစ်မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ်နှစ်ချောင်းတို့ကိုယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာရေးထားလော့။

3 လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကိုရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံတချောင်းစီရှိရမည်။

4 ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာတင်ထားလော့။

5 ငါရွေးကောက်သောသူ၏လှံတံသည် အပွင့်ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌အပြစ်တင်၍မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊

6 မောရှေသည် ဣသရေလအမျိုးသားတို့အားဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုးအလိုက်၊ မင်းတဦးလျှင်လှံတံတချောင်းစီ လှံတံဆယ်နှစ် ချောင်းတို့ကိုပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ၌ပါသတည်း။

7 မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက်တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထားလေ၏။