တော​လည် 18:1-6 BJB

1 တဖန်ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ သင်နှင့် သင်၏သားမြေးအဆွေအမျိုးတို့သည်၊ သန့်ရှင်းရာဌာနတော်နှင့်ဆိုင်သောအပြစ်၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သောအပြစ်ကို ခံရကြမည်။

2 သင်၏ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသားညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူကူညီ၍ အမှုတော်ကိုဆောင်ရွက်စေခြင်းငှါ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက်တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။

3 လေဝိသားတို့သည် သင့်ကို၎င်း၊ တဲတော်ရှိသမျှကို၎င်း စောင့်ရကြမည်။ သို့ရာတွင် သင်တို့နှင့် သူတို့သည်သေဘေးလွတ်မည်အကြောင်း၊ သူတို့သည် တဲတော် တန်ဆာ၊ ယဇ်ပလ္လင်တန်ဆာများကိုမချဉ်းကပ်ရကြ။

4 သူတို့သည် သင်တို့နှင့်အတူကူညီ၍၊ ပရိသတ်စည်းဝေးရာတဲတော်ကို စောင့်လျက်၊ တဲတော်အမှုရှိသမျှကိုထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့ အနီးသို့မချဉ်းမကပ်ရ။

5 နောက်တဖန်အမျက်တော်ထွက်၍ ဣသရေလအမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့သည်သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြမည်။

6 ထိုသို့ သင်တို့၏ညီအစ်ကိုလေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ၍၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ထမ်းစေခြင်းငှါ၊ ထာဝရဘုရားအား ပြုသောပူဇော်သက္ကာကဲ့သို့ သင်တို့အားငါပေး၏။